
CDF nih May 20 thawk in Hakha peng chung ah zaan sml. 10:00 in zinglei sml. 5:00 karlak mipi lengchuah lo ding tu zaan ah nawlchuahnak ca an tar. Curfew caan (zaan sml. 10:00 in zinglei sml. 5:00 karlak ah zualhma mizaw phortu Ambulance pawl lawng lengchuahnak nawl onh nan si lai, tiah an ttial.

Cun, SAC ralhrang nih ralkap motor si loin chungkhar motor hmang in an i chawh caah motor in a kalmi/khual a tlawngmi mipi nih motor thlalang thlak buin le motor kuang hna muka tibantuk khuh loin khualtlawn ding, tiah an langhter chih.
[Burmese]-ခရီးသွားပြည်သူများလိုက်နာရန်နှင့် ညမထွက်ရအမိန့် (Curfew)ထုတ်ပြန်ခြင်း အမိန့်အမှတ် (၁/၂၀၂၁) ရက်စွဲ။ ၂၀၂၁ခုနှစ်၊ မေလ (၁၁) ရက်
၁။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားကားနှင့် ကုန်တင်ကားများအသုံးပြုပြီး ဟားခါးမြို့နယ်အတွင်း အင်းအားဖြည့်တင်းခြင်းနှင့် အကြမ်းဖက်ရန်အတွက် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေသည်ကို နေ့စဥ်နဲ့အမျှ မျက်ခြေမပြတ် စုံစမ်းသိရှိရသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကားဖြင့်ခရီးထွက်ပါက မိုးကာများမအုပ်ရန်နှင့် အမြဲတမ်းကားမှန်များချပြီး မောင်းနှင်ကြပါရန်နှင့် အများပြည်သူလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးမှုများရှိပါက ရိုသေစွာ ခံယူကြပါရန် သတိပေးအပ်ပါသည်။ ထိုသတိပေးချက်ကို တိကျစွာလိုက်နာခြင်းမရှိပါက အသက်အန္တရာယ် အတွက် အထူးစိုးရိမ်စရာဖြစ်သည်။
၂။ စစ်အာဏာရှင်အကြမ်းဖက်စစ်အုပ်စုသည် ဟားခါးမြို့နယ်နေရာအများအပြားတွင် ညအချိန်မတော်မတရား အချိန်တွင် အင်အားဖြည့်တင်းခြင်း၊ မြို့တွင်းလှည့်လည်ခြင်း၊ အိမ်ဖောက်ထွင်းခြင်း၊ မတရားဖမ်းဆီးခြင်း၊ လူမဆန်စွာ ရိုက်နှိပ်သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းများပြုလုပ်နေသောကြောင့် ၂၀၂၁ခုနှစ်၊ မေလ(၂၀)ရက်နေ့မှစပြီး နောက်ထပ် အမိန့်ကြေညာခြင်းမရှိမချင်း ည(၁၀pm)နာရီမှ နံနက်(၅am)နာရီအတွင်း CDF-Hakha သို့ ခွင့်ပြုမိန့်တောင်းခံ ထားသော အရေးပေါ်လူနာတင်ကားမှအပ ဟားခါးမြို့နယ်တစ်ခုလုံး သွားလာမှုအားလုံးပိတ်ပင်လိုက်သည်။
Leave a Reply