
James Bik: Nizan ah Malaysia Home Minister Datuk Seri Saifuddin Nasution Ismail nih a chim ning ah cun a tu a tuan lio mi an cozah nih ram chung um ralzam hna riantuannak nawl pek khawh ding ah an i zuam thluahmah lio si ti a fiang.
Na tein cozah programme hi a poi tawn mi cu ralzam caah programme an tuah poh ah an thok hlan ah cozah an i thleng than manh peng, mah lawng si lo in tuah hrimhrim ding in lung thleknak (actual commitment) an ngei bal lo i an tlam a tling kho bal lo.
A hlan ah voikhat an rak tuah bal cang nain an tlamtling kho lo (failed project). A tu zong cu Home Minister pa nih mah riantuannak nawlpeknak kong ah cun an mah Home Ministry department i cazin ning tein kal a hau a ti.
A rohhlan ah ralzam cazin kan lak hna lai i an mah tein rian kawl si ti lo in cozah tu nih an mah cozah phungning tein rian kan kawl piak hna lai a ti (ruah ngaingai a hau mi si).
A hlan cozah nih ralzam pawl dihlak cazin lak ding ah MYRC (TRIS) kha tuanvo a rak pek. Na tein MYRC nih milu 30,000 long a lak kho hna i milu cazin 180,000 leng a ngei mi UNHCR cazin he tahchunh ah cun tamtuk an i dang a ti.
Mah caah cun a tu cu an mah Home Ministry (KDN) tu kha mah ralzaam cazin lak le ralzaam card (cozah nih a dang tein pek ding mi) chuahpiak ding ah tuanvo pek an si cang.
A chim mi ah cun UNHCR nih zong cazin an kan pek khawh ah cun mah programme tlamtling khawhnak ding ah a kan bawm ngai lai a ti, na tein UNHCR nih tah a pek duh te lai ma ti ruah ding a um than. Credit: James Bawi Thang Biak
Burmese Version: ဒုက္ခသည်များ အလုပ်အကိုင်ခွင့်ပြုခြင်းဆိုင်ရာ ဆုံးဖြတ်ချက်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်ပေါ်တွင်သာအခြေခံသင့်သည် – ဟု Saifuddin Nasution ပြော||
ဒုက္ခသည်များကို မည်သည့်ကဏ္ဍတွင်မဆို အလုပ်လုပ်ကိုင်ခွင့်ပြုရန် အတွက်မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ပြည်ထဲရေးဝန်ကြီးဌာန (KDN) မှ ပြင်ဆင်ထားသည့် အချက်အလက်ပေါ်တွင်သာအခြေခံသင့်သည်ဟု ၎င်း၏ဝန်ကြီး Datuk Seri Saifuddin Nasution Ismail က ပြောကြားခဲ့သည်။
ယခုအခါ ၎င်း၏ ဝန်ကြီးဌာနသည် ဒုက္ခသည်များနှင့် ပတ်သက်သည့် အချက်အလက်များကို ၎င်းတို့၏ ကျား၊မ၊ အသက်နှင့် မွေးရပ်မြေစသည့်အချက်လက်များကို ကောက်ယူစုဆောင်းရန် ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။
သူပြောဆိုချက်အရဤဆုံးဖြတ်ချက်သည် နိုင်ငံတော်လုံခြုံရေးကောင်စီ (MKN) နှင့်အစိုးရအဖွဲ့ တို့ မကြာသေးမီကပြုလုပ်သောအစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ဒုက္ခသည်များစာရင်းကောက်ယူရန်နှင့် သူတို့တွေကို ဒုက္ခသည်ကဒ် (ဒုက္ခသည်မှတ်ပုံတင်စာရွက်စာတမ်း) တွေထုတ်ပေးရန်အတွက် KDN ကိုတာဝန် ပေးထားပါတယ်။ ယခင်က အစိုးရရဲ့ အစပျိုးမှုမှာ third party ခေါ် တတိယအဖွဲ့အစည်းဖြစ်တဲ့ (Refugee information Tracking System – TRIS) (MYRC) ကို တာ၀န်ပေးခဲ့သော်လည်း လူပေါင်း (30,000) ခန့်သာ စာရင်းကောက်ယူနိုင်ခဲ့တယ်။
အဲဒီပမာဏက လူပေါင်း ၁၈၅,၀၀၀ စာရင်းရှိထားတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်များနှင့် နှိုင်းယှဉ်မယ်ဆိုရင် ကွာဟချက် များလွန်းတယ်။ MKN နှင့် KDN တို့က ဒုက္ခသည်များကို စာရင်းကောက်ယူရန် ဆုံးဖြတ်ချက်ချခဲ့တယ်၊ ဒါကြောင့် သူတို့က ဒေတာ၊ အသေးစိတ်အချက်အလက်များကောက်ယူတာကနေ စတင်ပါမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဦးစားပေးစဉ်းစားချင်ရင် အချက်အလက်နဲ့ အရင်စလုပ်ရမယ်’’ ဟု ၎င်းက ပြောပါသည်။
Saifuddin Nasution က အေဂျင်စီရုံးချုပ်မှာ ယနေ့ကျင့်ပသည့်Malaysian Maritime Enforcement Agency (MMEA) Aidilfitri ဖွင့်ပွဲကို တက်ရောက်ပြီးနောက် သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနက ဒီဒုက္ခသည်တွေကို မှတ်ပုံတင်ဖို့ တာဝန်ပေးထားပြီး မှတ်ပုံတင်ပြီးတာနဲ့ သူတို့ကို အလုပ်အကိုင်တွေရရှိဖို့အတွက်ဝန်ကြီးဌာနက ကူညီပေးနိုင်မယ်လို့ သူက ပြောပါတယ်။
“မှတ်ပုံတင်နံပါတ်တွေ ရပြီဆိုတာနဲ့ သူတို့ ဘာသာသူတို့အလုပ်အကိုင်တွေရှာဖွေမယ့်အစား အစိုးရရဲ့ မူဝါဒ နှင့် ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပြီး အစိုးရဘက်ကနေအလုပ်အကိုင်တွေကို ရှာဖွေပေးနိုင်မှာဖြစ်တယ်။
ကျွန်တော်တို့က အဲဒီလမ်းကြောင်းကို တော့မရောက်သေးဘူးပေါ့နော်။ အခု အရေးကြီးတာက အချက်အလက်တွေပဲ” ဟု ပြောပါသည်။
ပီနန်တွင် မကြာသေးမီက ဒုက္ခသည်များ အခြေချနေထိုင်ရေးကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုသောအခါတွင် မည်သည့်ပါတီကမျှ မိမိဘာသာ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း Saifuddin Nasution က ပြောကြားခဲ့သည်။

တော်ဝင်မလေးရှားရဲဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ကဲ့သို့သော အေဂျင်စီများကိုသာ လုပ်ကိုင်ခွင့်အာဏာ ပေးထားပါသည်။
“အစိုးရအတွက် ဒုက္ခသည်တွေရဲ့ တကယ့်အချက်အလက်တွေကို စာရင်းပြုစုနိုင်ဖို့ စီမံဆောင်ရွက်ထားပြီး၊ နောက်တဆင့် အစီအစဉ်တွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အသုံးပြုနိုင်ပါတယ်။ ဒေတာမျှဝေခြင်းအတွက် UNCHR ရဲ့ပူးပေါင်းဆောင်ရွက်မှုက ဒုက္ခသည်များအတွက် အစီအစဥ်ကို အရှိန်မြှင့်ရန် ကူညီပေးနိုင်မှာဖြစ်တယ်။
ဒီလိုမှမဟုတ်ရင် အမျိုးမျိုးသော ပြဿနာတွေ ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ ခွင့်ပြု ပေးသလိုဖြစ်လာနိုင်တယ်။ လောလောဆယ်တော့ အသေးအမွှားလေးဖြစ်နိုင်ပေမယ့် ပေါ့ပေါ့တန်တန် မှတ်ယူလို့ မရပါဘူး” ဟု ဆက်လက်ပြောကြားခဲ့ပါသည်။ Translated by JBTB. Credit: James Bawi Thang Bik
Leave a Reply